Pages

Feb 24, 2014

Adminstrator password ကို ဖျက်ကျော်ပြီး ၀င်ကြမယ်

မိမိတို့ ကွန်ပျူတာမှာ ပတ်စ်ဝ ခံထားတာ မေ့သွားလို့  ဖျက်ကျော်ပြီး ၀င်နည်းလေးပါ
အရင်ဆုံး software ကို ဒီမှာ ဒေါင်းပါ.... ပြီးရင် ပုံမှန် software run တဲ့နည်းအတိုင်း
Run ပါ...အဲ့ဒီနောက် အောက်မှာ ပေးထားတဲ့ အတိုင်း အဆက်ဆက်လုပ်ဆောင်ပါ.







အဲ့ဒီအတိုင်း ပြီးရင်တော့ Finish ပေးလိုက်ပါ
ကျွန်တော် ပုံမှာ ပြထားတာက USB နဲ့ လုပ်နည်းကို ပြထားပါတယ်။မိတ်ဆွေတို့ အနေနဲ့ CD,USB and ISO နဲ့ လည်း အသုံးပြုလို့ ရပါတယ်။ USB Drive ထဲကို ထည့်ပြီးပါက window တင်နည်းအတိုင်း အသုံးပြုသွားပါ Next ကို ပဲ နှိပ်ပြီး နောက်ဆုံးမှာ Reset/Unlock ကို နှိပ်ပါ The password was succefully ဆိုတာ ပေါ်လာလိမ့်မယ် ပြီးရင်တော့ Reboot ကို ပေးပြီး Restart ချလိုက်ရင် အိုကေ သွားပါပြီဗျာ......


အားလုံးပဲ အဆင်ပြေကြပါစေ..............လောကကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေဗျာ

Feb 11, 2014

Microsoft Fix it


ကျွန်တော်တို့စက်တွေမှာ အတော်များများက microsoft က ထုတ်လုပ်ထားတာ ဖြစ်တာကြောင့်
စက်မှာ Microsoft နဲ့ ပတ်သက်တဲ့ ဥပမာ....window os ကြောင့် သောလည်းကောင်း၊
window server တွေ တခြားသော microsoft က ထုတ်လုပ်ထားတဲ့ microsoft error များကို အဝေးသို့ သွားနေစရာမလိုပဲ english လို နည်းနည်းပါးပါး ဖတ်တတ်ပါက မိမိစက်ရဲ့ ပြဿ     နကို ပြေလည်စေနိုင်ပါသည်။ သည်အတွက်ကြောင့် မိမိစက်က ဘာ error တာလဲဆိုတာတော့ သိဖို့လိုအပ်ပါသည်။ ပြီးပါက D site http://www.microsoft.com/en-us/default.aspx တွင် သွားပြီး
ဖတ်ရှူ ပါ။
 


Credit--kyawznthant

iLivid downloader

ဒီ downloader ကတော့ တစ်ချို့ဆိုဒ်တွေမှာ ဒေါင်းလုတ်ချတဲ့အချိန် ကြော်ငြာအနေနဲ့ အမြဲပါပါတတ်ပါသည်။ဒါပေမဲ့ ကျွန်တော်လည်း အစကတော့ မသုံးတတ်တော့ ဘာမှတောင်မသိဘူး။
ညီလေးတစ်ယောက်က ပြောပြတော့ ဟာ...အစ်ကို ဒါက downloader တစ်ခုပဲ အရမ်းလဲ မြန်တယ်။သုံးရတာလဲ ဘာမှမခက်ဘူး size လဲ နည်းတယ်။တစ်ခုတော့ ရှိတယ် D downloaer
လေးက movie and song ပဲ ရပါတယ်။software တွေ အတွက် မဟုတ်ပါ။facebook တို့ youtube တို့မှ သီချင်း၊ဇာတ်ကားများကို Link ကို copy ယူပြီး download ကို နှိပ်လိုက်ရင် ရပါပြီ။



Download Link  -  DOWNLOAD

Feb 8, 2014

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်တည်ဆောက်မည့် ထေရ၀ါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်း (ဗုဒ္ဓစင်တာ) အတွက်အလှူ ခံနှိုးဆော်လွှာ







၁။ အကြောင်းအရာ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ အဂ္ဂမဟာပဏ္ဏိတ၊ ဒေါက်တာအရှင်ဥာဏိဿ     ရ  နှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတ ဆရာ တော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြ၀ါဒစရိယကိုခံယူကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး၏ ဦးစီးဆောင်ရွက်မှုဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးတွင် တက်ရောက်ပညာသင်ကြား နေကြသော ပညာတော်သင် သင်တန်းသားများ၊ မြန်မာမိသားစုများ မှပူးပေါင်းပါဝင်ကာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်း(ဗုဒ္ဓစင်တာ) ကို တည်ထား ကိုးကွယ်မည်ဖြစ်ပါသည်။
၂။ ရည်ရွယ်ချက်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော် ကြီးကျောင်း (ဗုဒ္ဓစင်တာ) ဆောက်လုပ်ရန် ရည်ရွယ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာပြန့်ပွားစေရန်အတွက် သာသနာပြုလုပ်ငန်းများ စတင်လုပ် ဆောင်နိုင်ရန်၊ ရုရှားနိုင်ငံသို့ ကြွချီလာသော သံဃာတော်မထေရ်မြတ်များအတွက် အလွယ်တကူ သီတင်းသုံး သာသနာ ပြုနိုင်ရန်နှင့် တရားပွဲများ ပုံမှန်ကျင်းပနိုင်စေရန်။
(ခ) ဗုဒ္ဓဘာသာကိုးကွယ်သောရုရှားလူမျိုးများ နှင့် လေ့လာလိုက်စားလိုသူများအတွက် တရားရေအေးများ တိုက် ကျွေးလှူဒါန်းနိုင်စေရန်။
(ဂ) ရုရှားနိုင်ငံရောက် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ၊ မှီခိုအားကိုးရာ (ခိုကိုးရာ) နေရာဖြစ်စေခြင်းနှင့် ကုသိုလ်ကောင်းမှုများပြုလုပ်ရာတွင်အထောက်အကူဖြစ်စေရန်။ 
(ဃ) ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်အဓွန်ရှည့်တည်တံ့နိုင်စေရန်။ 

၃။ လုပ်ငန်းစဉ်များ။ လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံသူ/နိုင်ငံသားများ၊ ရုရှားနိုင်ငံသူ/နိုင်ငံသားများနှင့် ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြသော သူတော်ကောင်းများစုပေါင်း၍ မော်စကိုမြို့တွင် လုံးချင်းခြံနှင့်တိုက် ၀ယ်ယူ၍သော် လည်းကောင်း၊ တည်ဆောက်၍သော်လည်းကောင်း တည်ထောင်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁သန်း ဖြစ်ပါသည်။ 

၎။ တိုက်တွန်းနှိုးဆော်ချက်။ သို့ဖြစ်ပါ၍ ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြသော သူတော်စင်၊ သူတော်ကောင်းများ မှ သဒ္ဒါတရား နည်းများမဆို လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါ သည်။

မော်စကိုမြို့မြန်မာဘုန်းတော်ကြီးကျောင်း (ဗုဒ္ဓစင်တာ)ဖြစ်မြောက်ရေးကော်မတီ



ရုရှားနိုင်ငံ မော်စကိုမြို့တွင် မြန်မာဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရန်အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းလွှာ။ အလှူရှင်များအနေဖြင့် ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။



အင်းဝဘဏ်တွင် မိမိတို့၏ ငွေပမာဏအား online မှ ကြည့်နိုင်



အင်းဝဘဏ်တွင် မိမိတို့၏ ငွေပမာဏအား online မှ  http://ablmm.com/online/register.php ဒီလင့်ခ်တွင် Register လုပ်ပြီး တစ်ပတ်အကြာမှာ မိမိတို့အား အင်းဝဘဏ်မှ Reply ပြန်ပါလိမ့်မည်။
ပြီးနောက် မိမိတို့ရဲ့ ငွေသား ဘဏ်ထဲမှာ ဘယ်လောက်ရှိနေတယ် ဘယ်လောက်တော့ စုထားသည်ကို
တွေ့ရှိရလိမ့်မည်။ဒီလင့်ခ်တွင် http://ablmm.com/online/ မိမိအကောင့်နာမည် နှင့် ပတ်စ်ဝအား ရိုက်ထည့်ပြီး ၀င်ရောက်ကြည့်နိုင်ပါသည်။

အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ပါက အကြောင်းပြန်ပေးပါ......

Feb 7, 2014

အခြေအနေနဲ့ အချိန်အခါကို နားလည်သူများ

တရုတ်ပြည်မှာ ဘဏ်တစ်ဘဏ်ကို ဓားပြ ၀င်တိုက် ပါတယ်။ ဓားပြတွေက "ဘယ်သူမှ မလှုပ်နဲ့။ ဒီပိုက်ဆံ တွေက အစိုးရနဲ့ ဆိုင်တယ်။ အသက် ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်" အဲ့အခါ လူတွေက မခုခံဘဲ တိတ်တိတ်လေး ၀ပ်နေလိုက် ကြပါတယ်။ ဒါက လူတွေရဲ့ တွေးခေါ်မှုကို ပြောင်းလိုက်တဲ့ "Mind Changing Concept" ပါ။

ဓားပြတိုက် ပြီးတော့ MBA ဘွဲ့ရထားတဲ့ ဓားပြ အငယ်က ပိုက်ဆံတွေကို ရေဖို့ လုပ်ပါတယ်။ သူငယ်တန်း လောက်ပဲ စာသင်ခဲ့ ရတဲ့ ဓားပြ အကြီးက မာန်လိုက်ပြီး "ဒီပိုက်ဆံ တွေကို ရေစရာ မလိုဘူး။ ညကျ သတင်းမှာ ဘယ်လောက်လဲ ဆိုတာ ပါလာလိမ့်မယ်။" ဒါက အတွေ့အကြုံ "Experience" ပါ။ 

ဓားပြတွေ ထွက်သွားတော့ ဘဏ်မန်နေဂျာက သူ့အထက် အရာရှိကို ရဲခေါ်ဖို့ ပြောပါတယ်။ အထက် အရာရှိက "နေဦး။ ဓားပြ တိုက်သွားတဲ့ စာရင်းထဲမှာ ငါးသန်းလောက် ပိုထည့်လိုက်" ဒါက အဆိုးရွားဆုံး အခြေအနေ မှာတောင် ကိုယ့်အတွက် ကျန်အောင် လုပ်ယူတတ်ခြင်း "Swim with the tide"ပါ။

နောက်တစ်ရက် သတင်းမှာ ဘဏ်ကနေ ဆယ်သန်း ဓားပြ တိုက်ခံ ရတယ်လို့ ပါလာ ပါတယ်။ ဓားပြတွေ ဘယ်နှစ်ကြိမ် ရေတွက် ရေတွက် သူတို့ရဲ့ ပိုက်ဆံက ၂သန်းပဲ ရှိပါတယ်။ ဓားပြ တွေက အရမ်း ပေါက်ကွဲ သွားပါတယ်။ သူတို့က သက်စွန့်ဆံဖျား ဓားပြ တိုက်ပြီး ၂သန်းပဲ ရချိန်မှာ ဘဏ်မန်နေဂျာက ဘာမှ မလုပ်ဘဲ ၈သန်းလောက် ရသွား ပါတယ်။ ဒါက အကြံ ဗဟုသုတက ရွှေလို အဖိုးတန်တယ် ""Knowledge is worth as much as gold!" ပါ။

ဘဏ်မန်နေဂျာက ပြုံးပျော် နေပါတယ်။ မနေ့က သူရှုံးခဲ့တဲ့ ရှယ်ယာတွေ ဒီနေ့ အကုန်ပြန် ရလာပြီလေ။ တစ်လ တစ်ခါလောက် ဓားပြ တိုက်ခံရရင် ကောင်းမယ် လို့တောင် တွေးနေမှာပါ။ ဒါက အခွင့်အရေး အရယူ တတ်ခြင်း ""Seizing the opportunity" ပါ။  

[source: Idealist, image from deviantart]

Feb 6, 2014

Cube Desktop pro v 14

ဒီ software လေး ကျွန်တော် Group တစ်ခုကနေ sharing လုပ်ထားခြင်းဖြစ်ပါသည်။
သင့်တို့အတွက် အသုံးဝင်မယ့် software ကောင်းတစ်ခုလဲ ဖြစ်လိမ့်မယ်လို့ ထင်ပါသည်။
မိမိရဲ့ Desktop ကို 3D ပုံစံနဲ့ ပြောင်းနှိပ်ပြီး အလှလုပ်နိုင်သလို မိမိရဲ့ ဖွင့်ထားသော program များအားလည်း ခေတ္တခဏ ဖျောက်ထားပေးနိုင်ပါသည်။ ကျွန်တော်ကတော့ အဲ့လောက်ပဲ စမ်းထားတဲ့အတွက် ဒီလောက်ပဲ သိပါတယ် ။ သင့်တို့အနေဖြင့် စိတ်ဝင်စားတယ်ဆိုရင် ထပ်မံကလိကြည့်ပါ အသုံးဝင်တဲ့ အရာတွေ ပိုတွေ့လာလိမ့်မယ်လို့ မျှော်လင့်ပါသည်။




DOWNLOAD LINK  -    DOWNLOAD

Feb 3, 2014

EQ and IQ အကြောင်း








ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ 
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။ 
I.Q မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့်တယ်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်ကစပြီး  E.Q ဆိုတာ ခေတ်စားလာတယ်။ E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့လဲဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့သူတွေထက် E.Q မြင့်တဲ့သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။ 
ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။
လွန်ခဲ့တဲ့ တစ်ပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ်ဆိုတာ ပြေပြထားတာ။ အကျဉ်းချုပ်ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေကတော့ .. (၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄) Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅) Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့ နည်းတွေကတော့ ...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့ နည်းကတော့ စွမ်းရည်တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။
E.Q ကောင်းအောင်......
ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေးမိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..
“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊
ထို ခုနှစ်မျိုးမှာ......
၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။
၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊
၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။
၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..
၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။
၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။
၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”
ဆရာ ကိုတာရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။
တကယ်တော့ ကျနော် တို့ မှာ မွေးကတည်းက ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...

 စာရေးသူ---ဒေါက်တာ အောင်မျိုး

Jan 28, 2014

C++ လေ့လာလိုသူများ





c++  လေ့လာလိုသူများအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ရည်ရွယ်ပါတယ်.....
Youtube ပေါ်တွင် အခြေခံ C++ သဘောတရားများအား ရှင်းလင်းပြသထားပါသည်။လေ့လာစိတ်ဝင်စားလိုသူများ အောက်ပါလင့်ခ်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်

http://www.youtube.com/user/Learnorama/videos
မိတ်ဆွေအပေါင်းအသင်းများအား အထူးပင် ကျေးဇူးတင်ရှိပါသည်.....