မင်းကိုကြည့်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်........................
ကိုယ်ကြည့်ချင်တာက တစ်နေကုန်မို့ပါ
မင်းကိုချစ်တာ အားနာမိပါရဲ့
ဘာလို့ဆိုရင်.........................
ကိုယ်ချစ်ချင်တာက တစ်ဘ၀လုံးစာမို့ပါ
မင်းပြန်ချစ်ဖို့ အားနာမိပါရဲ့
ဘာလို့ဆိုရင်.........................
ကိုယ်လိုချင်တာက မင်းရဲ့အချစ်အကုန်မို့ပါ
အလိုလိုနေရင်း အားနာမိပါရဲ့
ဘာလို့ဆိုရင်..........................
ကိုယ့်အချစ်တွေကြောင့် မင်းဝန်လေးမှာစိုးလို့ပါ
မေတ္တာရပ်ခံချက်။ ။ ဒီကဗျာလေးအား ဘယ်သူရေးခဲ့သလဲဆိုတာ မသိပါ ကြိုက်လို့ ကူးထားတာ
မိတ်ဆွေတို့အား ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

No comments:
Post a Comment