၁။ အကြောင်းအရာ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ အဂ္ဂမဟာပဏ္ဏိတ၊ ဒေါက်တာအရှင်ဥာဏိဿ ရ နှင့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတ ဆရာ တော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြ၀ါဒစရိယကိုခံယူကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး၏ ဦးစီးဆောင်ရွက်မှုဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးတွင် တက်ရောက်ပညာသင်ကြား နေကြသော ပညာတော်သင် သင်တန်းသားများ၊ မြန်မာမိသားစုများ မှပူးပေါင်းပါဝင်ကာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်း(ဗုဒ္ဓစင်တာ) ကို တည်ထား ကိုးကွယ်မည်ဖြစ်ပါသည်။
၂။ ရည်ရွယ်ချက်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော် ကြီးကျောင်း (ဗုဒ္ဓစင်တာ) ဆောက်လုပ်ရန် ရည်ရွယ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာပြန့်ပွားစေရန်အတွက် သာသနာပြုလုပ်ငန်းများ စတင်လုပ် ဆောင်နိုင်ရန်၊ ရုရှားနိုင်ငံသို့ ကြွချီလာသော သံဃာတော်မထေရ်မြတ်များအတွက် အလွယ်တကူ သီတင်းသုံး သာသနာ ပြုနိုင်ရန်နှင့် တရားပွဲများ ပုံမှန်ကျင်းပနိုင်စေရန်။
(ခ) ဗုဒ္ဓဘာသာကိုးကွယ်သောရုရှားလူမျိုးများ နှင့် လေ့လာလိုက်စားလိုသူများအတွက် တရားရေအေးများ တိုက် ကျွေးလှူဒါန်းနိုင်စေရန်။
(ဂ) ရုရှားနိုင်ငံရောက် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ၊ မှီခိုအားကိုးရာ (ခိုကိုးရာ) နေရာဖြစ်စေခြင်းနှင့် ကုသိုလ်ကောင်းမှုများပြုလုပ်ရာတွင်အထောက်အကူဖြစ်စေရန်။
(ဃ) ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်အဓွန်ရှည့်တည်တံ့နိုင်စေရန်။
၃။ လုပ်ငန်းစဉ်များ။ လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံသူ/နိုင်ငံသားများ၊ ရုရှားနိုင်ငံသူ/နိုင်ငံသားများနှင့် ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြသော သူတော်ကောင်းများစုပေါင်း၍ မော်စကိုမြို့တွင် လုံးချင်းခြံနှင့်တိုက် ၀ယ်ယူ၍သော် လည်းကောင်း၊ တည်ဆောက်၍သော်လည်းကောင်း တည်ထောင်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁သန်း ဖြစ်ပါသည်။
၎။ တိုက်တွန်းနှိုးဆော်ချက်။ သို့ဖြစ်ပါ၍ ကမ္ဘာအရပ်ရပ်တွင်နေထိုင်ကြသော သူတော်စင်၊ သူတော်ကောင်းများ မှ သဒ္ဒါတရား နည်းများမဆို လှူဒါန်းနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါ သည်။
မော်စကိုမြို့မြန်မာဘုန်းတော်ကြီးကျောင်း (ဗုဒ္ဓစင်တာ)ဖြစ်မြောက်ရေးကော်မတီ


No comments:
Post a Comment