
လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်ဆိုတဲ့ ခေါင်းစဉ်ကို မင်းတို့ မှတ်မှတ်သားသား ဖတ်လိုက်စေချင် ပါတယ်။ ငါ့အသက် ၈၆ နှစ် ရှိပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး ကိုလည်း မီလိုက်တယ်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် ဆိုတာတွေကိုလည်း မီလိုက်တယ်။ အဲဒီလို ဒီနေ့ထိ ကြုံ ခဲ့သမျှခေတ်တွေထဲမှာ လွတ်လပ်ရေးရတဲ့ ခေတ်တောင်မှ (ကုန်ကုန်ပြောလိုက်မယ်) လွတ်လပ်ရေးနေ့တောင် မှ ဒီ ခေတ်လောက် အလွန်တရာ အားတက်စရာကောင်းတယ် လို့ ငါမထင်မိပါဘူး။ မင်းတို့ ကုသိုလ်၊ ငါတို့လို သက် ကြီးရွယ် အိုတွေရဲ့ ကုသိုလ်ကြောင့် မင်္ဂလာခေတ်သစ်နိ ဒါန်းကို ကြုံလာကြရခြင်းဖြစ်တယ်။
ဒီမိုကရက်တစ်တော် လှန်ရေး … ဘာတော် လှန်ရေး၊ ညာတော်လှန်ရေးဆိုတဲ့ စကားလုံးတွေကို ကြားရတာ ငါ့မှာဖြင့် နားကျင်နေပြီ။ နားချဉ်တာ မဟုတ်ဘူး။ နားယဉ်တာ မဟုတ်ဘူး။ နားထဲ မှာ ကျင်ခနဲ၊ ကျင်ခနဲ ဖြစ်သွားတာကို ပြောတာ။ ဒါကြောင့် မင်္ဂလာခေတ်သစ်ကြီး တည်ဆောက်ရေးကာလကို မင်္ဂလာ ခေတ်သစ်ကြီးနိဒါန်းလို့ ကမ္ပည်းတင်လိုက်ခြင်း ဖြစ်ပါ တယ်။
မင်းတို့စဉ်းစားကြည့်လေ။ ငါ လူပျိုပေါက် ကာလမှာ လွတ်လပ်ရေးရခဲ့တယ်။ လူငယ်ဘာဝ ဘယ် လောက်ပျော်ခဲ့သလဲ။ ဒါပေမယ့် ငါတို့မြို့ လွတ်လပ်ရေး အောင်ပွဲ ကျင်းပတဲ့ မြို့လယ်ကွင်းကြီးရဲ့ထိပ်မှာ အာဇာ နည်ကျောက်တိုင်ကြီး ရှိတယ်။ လွတ်လပ်ရေးမရ ခင်လေး မှာပဲ ကျဆုံးသွားခဲ့ရတဲ့ ရဲ့ဘော်တွေအတွက်ပေါ့။ ငါတို့ မြို့ရဲ့ လေးငါးဆယ်မိုင်အကွာမှာ ကွန်မြူနစ်သူပုန်တွေ ရှိတယ်။ ဒီတော့ ဘယ်မှာ လွတ်လွတ်ကျွတ်ကျွတ် ပျော်နိုင် ကြပါ့မလဲ။ အဲဒီအချိန်မှာ မြို့ကို တာဝန်ယူ စောင့်ရှောက် နေကြတဲ့ တပ်မတော် သားတွေ၊ ပြည်သူ့ရဲတွေကရော လွတ်လွတ်လပ်လပ် ပျော်နိုင်ကြပါမည်လား။ ဒီနေ့ မင်္ဂ လာခေတ်သစ်ကြီး တည်ဆောက်ရေး နိဒါန်းပျိုးလိုက်ချိန် မှာတော့ ငါတို့အားလုံးမျက်နှာတွေမှာ မျှော်လင့်ချက် ပြုံး ပန်းတဝေဝေနဲ့ လွတ်လွတ်ကျွတ်ကျွတ် ကြီး ပျော်နိုင် ကြပြီ ပေါ့။ ကိုယ့်သားစဉ်မြေးဆက် မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်ပြုံးပန်းတွေ ဝေနေကြတာပေါ့။ ဒီကြားထဲမှာ ကမ္ဘာ တစ်ဝန်း တိုင်းခန်းမြို့ရွာအသီးသီးက မုဒိတာအနု မောဒနာသံတွေ လှိုင်လှိုင်ကြီးထွက်လာတော့ ငါတို့မှာ နှစ်ဆတိုးပြီး ပီတိဖြစ်ရပြန် တာပေါ့။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘိုးဘိုးအောင်သင်းရဲ့ တစ်သက်တာမှာ ဒီလောက်အားတက်ကြည်နူးရ တဲ့ ခေတ်ကောင်းခေတ်မြတ်ကို တစ်ခါမျှ မ ကြုံခဲ့ဖူးတာ အမှန်ပါ မောင်တို့ရာ။ စဉ်းစားကြည့်လေ။ ဒီက နေ့ နိုင်ငံတော် အစိုးရက ကြိုးကြိုး ပမ်းပမ်းလုပ်ဆောင်နေတာတွေကို ကြည့်လိုက်လေ။ နိုင်ငံနဲ့လူမျိုးတို့ ရဲ့ တိုးတက်မှု စီမံကိန်းတွေ၊ လျာ ထားချက်တွေ၊ အဆင့်ဆင့် အပွား ပွားများပြားလှတာကို တွေ့ရပါလိမ့် မယ်။ ငါဖြင့် အဲဒါတွေကို သတင်း စာတွေမှာဖတ်ပြီး နိုင်ငံတော်အစိုး ရ ခေါင်းဆောင်အတွင်းပိုင်းမှာ တိုးတိုးတိတ်တိတ် တိုင်ပင်ကြံဆ နေပုံတွေ၊ အဲဒီနောက် အတွင်းပိုင်း က နည်းနည်းချဲ့ပြီး ချပြညှိနှိုင်း မှုတွေ စသည်အားဖြင့် အဆင့်ဆင့် သူတို့တစ်တွေ ဦးနှောက်က ချွေးယိုကျလာအောင် လုပ်ကိုင်လှုပ်ရှားခဲ့တာတွေကို လှမ်းပြီး တွေး လိုက်မိ ရင် စိတ်မောမိတတ်ပါတယ်။
မင်းတို့ စဉ်းစားကြည့် လေ။ ပြဿနာပေါင်း၊ ကိစ္စပေါင်း နည်းရော့လား။ နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ဟိုအ ရေး၊ ဒီအရေး၊ ဒီအရေး၊ ဟိုအရေး … အရေး၊ … အရေး၊ … အဲဒီလို အရေးကြီးတာ၊ ငယ်တာ စုံနေအောင် ဝိုင်းဝန်းစဉ်းစားကြ တယ် မဟုတ်လား။ သူတို့တွေ စဉ်းစားကြံဆသမျှကို အနှစ်ချုပ်ပြီး ကြည့်လိုက်တော့ မင်းတို့လူငယ် တွေအတွက် (ဝါ) မျိုးဆက်သစ် တွေအတွက် ပန္နက်ရိုက်နေတာလို့ ငါ က ယုံကြည်လိုက်မိပါတယ်။ ဒါ ကြောင့် ဒီဆောင်းပါးခေါင်းစဉ်ကို လူငယ်တွေ အတွက် လူကြီးတွေရဲ့ ပန္နက်ရယ်လို့ ယုံယုံကြည်ကြည် ဝံ့ ဝံ့စားစား ကမ္ပည်းထိုးလိုက်တာပါ ပဲ။
ဒီပန္နက်ရိုက်ဆိုတဲ့စကား လုံးကို ဘာကြောင့်သုံးရတယ်ဆို တာ ပြောချင်ပါတယ်။ ငါ့စိတ်ထဲ မှာ လူတစ်ယောက်ရဲ့ ဘဝ အတွက် အရေးအကြီးဆုံးက (၁) ကျန်းမာရေး (၂) ပညာရေး အဲဒီ အချက် နှစ်ချက် အရေးကြီးဆုံးဆို တာ ငါက ခိုင်ခိုင်မာမာကြီး ယုံကြည်နေတယ်။ ကလေးတစ် ယောက် မွေးလာလိုက်လို့ ဘဝကို အစပြုလိုက်ပြီဆိုရင် လူကြီးမိဘ တွေ ဝိုင်းဝန်းစူးစမ်းကြတာက ကိုယ်လက်အင်္ဂါ စုံရဲ့လား။ မျက်စိ မြင်၊ နားကြားရဲ့လား စတဲ့ အချက် တွေကို စူးစမ်းကြည့်ကြပြန်တယ်။ ကျန်းမာရေး အခြေခံ ပစ္စည်းတွေ မဟုတ်လား။ အဲဒါတွေကထဲက တစ်ခုခု ချို့တဲ့နေရင် အနုတ်လက္ခ ဏာနဲ့ ဘဝကို စရပြီဖြစ်သွားပြီ ပေါ့။ အဲဒီလို မပြည့် မစုံတဲ့ အနုတ် လက္ခဏာနဲ့ ဘဝကို စခဲ့ရသူတစ် ယောက်ဟာ လူဖြစ်တန်ဖို့ ထပ်မံ ဖြည့်ဆည်းရတဲ့ ပညာရေးကို အား နည်း မသွားစေနိုင်ဘူးလား။ ဒါ ကြောင့် နိုင်ငံတော်အစိုးရရဲ့ စီမံကိန်းတွေ၊ လုပ်ဆောင်မှုတွေ ကြည့်လိုက်ရင် အဲဒီကျန်းမာရေးနဲ့ ပညာ ရေး ဘာတွေလုပ်ပေးသလဲဆိုတာကို အရေးထားပြီးကြည့်မိတတ်ပါတယ်။ ငါကပင်ကိုယ်အားဖြင့်ကျောင်းဆရာ တစ်ယောက် ဖြစ်နေ လေတော့ ပညာရေးကို ပိုပြီးအာရုံ ပြုမိတတ် ပါတယ်။
မင်းတို့ သတိထားကြည့် မိဖို့ ပြောချင်ပါတယ်။ အထက်မှာ ကလေးတစ်ယောက် မွေးလာတဲ့ အခါမှာ မိဘက ကိုယ့်သားကိုယ့် သမီး ခြေလက်အင်္ဂါစုံပါရဲ့လား စသည်အားဖြင့် ကျန်းမာရေးကို စစ်ဆေးတယ်။ ကလေးမှာ ကိုယ်ပူ၊ ခေါင်းပူဖြစ်သလား။ ခြေဖျား၊ လက် ဖျား အေးသလား စသည်အားဖြင့် စူးစမ်းကြတယ်။ ဆေးဆရာဆီ သွားတန်ရင်သွားတယ်။
အဲဒီလိုပဲ ဥာဏ်အမြော် အမြင် ပညာအခြေခံရှိတဲ့ မိဘ တွေဟာ ကိုယ်တိုင်က စီးပွားဥစ္စာ ချို့တဲ့လို့ ခြိုးခြံချွေတာစွာ စား သောက်နေရစေဦးတော့။ မိဘ ကိုယ်တိုင်က ထမင်းတစ်လုတ်စီ လျှော့စားပြီး သားသမီးပညာရေး ကို အားပေးတတ်ကြတယ်။
ဆက်ပါရစေဦး။
အောင်သင်း

No comments:
Post a Comment