May 25, 2013
"ဖိနပ်ကြိုးထိုးနည်းများ"

May 21, 2013
"လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက် "
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....
Mg Mandalay
ဖြည့်စွက်ခြင်း။ ။လောကမှာ လူတစ်ယောက်အနေနဲ့ အရေးကြီးဆုံးက ပညာရေးနဲ့ကျန်းမာရေးတဲ့(ဆရာကြီးအောင်သင်း) ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်ဗျာ ကျန်းမာရေးအသိ၊ကျန်းမာရေးသတိရှိကြပါစေ........................
ဒီနေရာ မှ ကူးယူဖော်ပြထားပါသည်။
Photo Makeup Software
ဒီကောင်လေးက မိန်းကလေးများအတွက် အတော့်ကို အသုံးဝင်မယ့် ဆော့ဝဲလ်ကောင်လေးတစ်ခုလို့ ထင်ပါတယ်။ မိတ်ကပ်လိမ်တတ်တဲ့ မိန်းမများအတွက်ဆို ပိုလို့ကောင်းမယ်ထင်ပါတယ် မိမိစိတ်ထဲမှာ စိတ်ကူးရှိသလို ကိုယ့်ဓါတ်ပုံလေးကို မိတ်ကပ်လိမ်ခြင်းတစ်ခြားအမျိုးမျိုးသော အလှအပများလည်း ဖန်တီးနို်င်ပါတယ်ဗျာ
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားကြပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ................
Window Theme For XP
window xp အတွက် theme လေးတစ်ခုပါဗျာ ပုံပေါင်း(၂၅)ခုကိုကိုယ့်ကြိုက်နှစ်သက်သလို
ပြောင်းနိုင်ပါတယ် window theme လေးတွေ ကွန်ပျူတာ screen ပေါ်မှာ အလှဆင်ထားတော့
မျက်စိပသဖြစ်တာပေါ့ဗျာ အောက်က ပုံလေးအတိုင်းပေါ်ပါတယ် စမ်းသုံးကြပေါ့ဗျာ အဆင်မပြေခဲ့ရင်လည်း အကြုံပြုဘောက်စ်ထဲတွင် စာချန်ပေးခဲ့ပါ ဒါမှ ကျွန်တော်အနေနဲ့ သိရှိနိုင်မှာဖြစ်ပါတယ် မိတ်ဆွေတို့ကို ကျေးဇူးတင်ပါတယ်..........
ဒီနေရာ တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ...........
Any Video Converter
ဒီကောင်လေးက ပိုကောင်းတာ တစ်ခုက ဘယ် video ကိုမဆို converter လုပ်နိုင်ပါတယ် ဒီနေရာမှာ တစ်ခုလောက်ရှင်းပြပါရစေ video converter ဆိုတာက ကျွန်တော်တို့ file size ကြီးတဲ့ video ကို converter software လေးကို အသုံးပြုပြီး file size အသေးသို့ ပြောင်းလဲပေးနိုင်တာကို ခေါ်ပါတယ်
ကျွန်တော် ဒီနေရာ မှာ ဒီဆော့ဝဲလ်လေးရဲ့အသုံးပြုပုံ အသုံးပြုနည်းလေးကို ကြည့်နိုင်ပါတယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ............
ကျွန်တော် ဒီနေရာ မှာ ဒီဆော့ဝဲလ်လေးရဲ့အသုံးပြုပုံ အသုံးပြုနည်းလေးကို ကြည့်နိုင်ပါတယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ............
"ဗဟုသုတ"
၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိ၏။ အဲဒါ မိဘနဲ့အချိန်ပဲ။
၂။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။
၃။ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်။
၎။ နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမနေပါနဲ့။
၅။ အပြောနဲ့ကဲ့ရဲ့သူကိုအလုပ်နဲ့အနိုင်ယူရမည်။
၆။ မေ့တယ်ဆိုတာမလေးစားလို့၊ ကြောက်တယ်ဆိုတာမခိုင်လုံလို့။
၇။ အသိတရားရှိရှိနဲ့စာရိတ္တကောင်းအောင်ကြိုးစားရင်လူရာဝင်တယ်။
၈။ နှေးတာကအရေးမကြီးဘူး၊ရပ်မနေဖို့ ကအရေးကြီးတယ်။
အပြောကြီးတာကမလုပ်ချင်တဲ့နည်းတစ်မျိုးကိုဖုံးကွယ်တာပဲ။
၁၀။ အခက်အခဲဆိုတာညည်းတွားဖို့မဟုတ်၊ ကျော်လွှားဖို့။
၁၁။ တန်ဖိုးဆိုတာကြည့်တတ်သူ၊သိတတ်သူ အပေါ်မှာပဲမူတည်တယ်။
၁၂။ စိတ်ဓာတ်ကျခြင်းဟာအချိန်ဖြုန်ြး ခင်းတစ်မျိုးပဲ။
၁၃။ ကြိုးစားနေခြင်းကိုဘ၀လို့ယုံကြည်ပါ။
၁၄။ ဂုဏ်သိက္ခာပါသောအောင်မြင်မှုကိုမြ တ်နိုးပါ။
၁၅။ မနာလိုမဖြစ်ပါနဲ့၊လုပ်တဲ့သူကနေရာရမှာပါ။
၁၆။ စာရိတ္တကောင်းရင်နောက်ကြောင်းရှင်းတယ်။
၁၇။ မလုပ်တတ်ကြောင်းများများပြောလေအ လုပ် တတ်လေးပဲ။
၁၈။ အချိန်ဖြုန်းတာဟာဥစ္စာဓနဖြုန်းတာ ပါပဲ။
၁၉။ လိုသလောက်မရနိုင်ပေမယ့်လုပ်သလော က်တော့ရနိုင်ပါတယ်။
၂၀။ အရေးမကြီးတာကိုအပ်ကြောင်းမထပ်မိ ပါစေနှင့်။
၂၁. အပြောနဲ့မလုပ်အလုပ်နဲ့ပြော။
၂၂။ ကိုယ့်ဘ၀ကိုယ်သိ၊ကိုယ့်အားကိုကိုး၊လဲရင်ပြန်ထ၊ဒါဘ၀။
၂၃။ အကျင်းစာရိတ္တသည်ထိုသူ၏ကံကြမ္မာပင်ဖြစ်သည်။
၂၄။ လူဘုံဆိုတာလုလ္လ၀ီရိယဘုံပါ။
၂၅။ ဘ၀ကြိုးဝိုင်းထဲက ဒုက္ခကိုယ်ဇွဲနဲ့အလဲထိုး။
၂၆။ ဘ၀တိုင်းကိုဖျက်ဆီးနေတာမာနတရားပဲ။
၂၇။ အပြစ်မရှာကြပါနဲ့၊အဖြေရှာကြပါ။
၂၈။ စည်းကမ်းရှိသူသည်သူဌေးဖြစ်ဖို့လ မ်းမြင်၏။
၂၉။ လူပျင်းကလေးကြီးလာရင်သူတောင်းစားကြီးဖြစ်မည်။
၃၀။ အချိန်ကသင့်ကိုသုံးမချခင်သင်ကအချိန်ကိုအသုံးချပါ။
၃၁။ ကြိုးစားမှုရဲ့လက်တစ်ကမ်းမှာအောင်မြင်မှုဆိုတာရှိ၏။
၃၂။ မိုင်ထောင်ချီဝေးသောခရီးကိုခြေတ စ်လှမ်းမှ စရ၏။
သော်တာမောင်
ဒီနေရာ မှ ကူးယူဖော်ပြထားပါသည်။
May 18, 2013
Lighttek.Limages 2.0
ကျွန်တော်တို့ ဒီဆော့ဝဲလ်လေးကတော့ Screen Gadgets အတွက် အလှအဆင်နိုင်တဲ့ ပေါ့ပါးတဲ့ဆော့ဝဲလ်လေးတစ်ခုပါ ကိုယ့်ရဲ့ Screen က သန့်သန့်ရပ်ရပ်ဖြစ်ပြီး လှပနေတော့ သုံးရတဲ့သူအတွက်အနေနဲ့ မျက်စိအေးမြပြီး စိတ်ကိုလည်း ကြည်လင်းစေတာပေါ့ဗျာ
ဒီကောင်လေးက အောင်ကပုံအတိုင်းပေါ်ပါတယ်။အသုံးပြုချင်သူအနေဖြင့်
အောက်မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ် ။ကျွန်တော်သည် professional ကျတဲ့သူတစ်ယောက်မှာ ဒါပေသိ ကျွန်တော်သိသမျှလေးကို မျှဝေခြင်းသာဖြစ်ပါတယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်
အားလုံးပဲ အဆင်ပြေကြပါစေဗျာ.......................

May 16, 2013
Window Theme လေးတစ်ခု
ကျွန်တော်တို့ကွန်ပျူတာကိုသုံးလာတာ ကြာတဲ့အခါက မျက်လုံးညောင်းတာတို့ မျက်လုံးဝါးတာတို့ ဖြစ်လာတတ်ပါတယ် အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကလည်း ကွန်ပျူတာက မခွာချင် ဒီလိုအချိန်မှာ ကျွန်တော်တင်ပေးထားတဲ့ ဒီ window theme လေးက များစွာ အထောက်အကူပြုပါလိမ့်မယ်Views တွေလည်း စိမ်းနုရောင်တွေကြီးပဲ
နောက်ပြီးတောတောင်အလှအပကိုလည်း ခံစားနိုင်ပါတယ် ဒါကြောင့် မျက်လုံးကို
အေးမြခြင်းတွေ ပေးပါလိမ့်မယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ.....................
Window 7 Loader
ကျွန်တော်တို့ ၀င်းဒိုးတင်ပြီး တစ်လကြာပြီးတဲ့နောက် window activate လုပ်ရပါတယ် အဲ့ဒါမှ မလုပ်ရင်
genius ဆိုပြီး Screen က အမဲကြီး ပေါ်နေလိမ့်မယ် ဒါပေမဲ့ အဲ့ဒီအမဲပေါ်တာ ဘာမှတော့ မစိုးရိမ်ပါနဲ့
တကယ်တော့ ကျွန်တော်တို့ window activate လုပ်လိုက်ရင် ပျောက်သွားပါလိမ့်မယ်ဗျာ ကျွန်တော်အောက်မှာ window loader တင်ပေးထားပါတယ် ခုနက problem ကို handle လုပ်ဖို့အတွက်ပါ ။
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ.........................

Desktop Icon Top v 4.5
ကျွန်တော်တို့ Desktop ပေါ်မှာ အလှလေးတွေ ဖန်တီးချင်သူများအတွက် သိသောသူများလည်း
သည်းခံပေးကြပါ အောက်မှာပြထားတဲ့ ပုံလေးအတိုင်းအပြင် ကိုယ်လိုသလိုလည်း ပုံဖော်နိုင်ပါတယ်
Size ကလည်း နည်းပါတယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ
သည်းခံပေးကြပါ အောက်မှာပြထားတဲ့ ပုံလေးအတိုင်းအပြင် ကိုယ်လိုသလိုလည်း ပုံဖော်နိုင်ပါတယ်
Size ကလည်း နည်းပါတယ်
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ
ငါအိုသွားသောအခါ

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး
ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ၊
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ
အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ
အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ
ငါ့ကို မရွံ့ပါနဲ့
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ၊
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ
စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း
တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေ
စတဲ့ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ
ငါ့ကို မငြိုငြင်ပါနဲ့
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို
မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို
စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ၊
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး
လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့
ငါ့ကို ကူတွဲပေးကြပါ၊
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်လေ့ကျင့် ပေးခဲ့တာတွေကို သတိရပေးပါ၊
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး
ဝမ်းမနည်းပါနှင့် နားလည်ပေးပါ၊ အားပေးပါ၊
အရင်တုန်းက လူ့ဘ၀တစ်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ
ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေတွေ့ရမှာပါ။
(မိဘကျေးဇူးနှင့်ခံစားချက်အား နားလည်သိတတ်သော သားကောင်းသမီးလိမ္မာလေးများ ဖြစ်ကြပါစေဗျာ)
ဝန်ခံချက်။ ။ရေးသူကိုမသိပါ(အိုပယ်ဇာတ်ကားမှကူးယူထားပါသည်)
May 15, 2013
ပီမိုးနှင်း၊မိုးနှင်း(ခ)မောင်ကျော်ညွန့်၏ နီတိများ
အချစ်ရေး
(၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
(၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ။
အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။
(၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ်။
ခေတ္တမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏
(၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
(၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
(၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။
(၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း၊ စိတ်ကောင်းခြင်း၌သာ တည်သည်။
(၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။
စိတ္တဗေဒ
(၁) မိမိက်ုယ်ကို သူတစ်ပါးမျက်စိနှင့် ကြည့်ရမည်။
(၂) အောင်မြင်လိုသူသည် ကံ ဟူသော စကားကိုဖျောက်ပြီး အလုပ် ဟူသော စကားကိုသုံးရမည်။
အောင်မြင်ခြင်း၏ ပထမနည်းသည် အောင်မြင်သောစိတ် အောင်မြင်မည်ဟူသောစိတ် ဖြစ်၏။
(၃) စွန့်မှစားရ၏ စားလိုလျှင်စွန့်။
(၄) ပညာအပေါင်း၌ စိတ်ပညာသည် အမြတ်ဆုံးဖြစ်၏။
မိမိစိတ်ကို မိမိသိမြင်ခြင်းသည် အဖိုးတန်ဆုံးဖြစ်ပေသည်။
(၅) ကိုယ့်ကိုယ်တိုင် အပြစ်အနာအဆာကင်းအောင် နေဖို့ လွန်စွာ အရေးကြီး၏
(၆) ကာယဗလ စွမ်းသူတို့သည် စိတ်အားလည်း စွမ်းကြလေသည်။
(၇) ပန်းပဲသမားသည် သံကိုမီးပူပူရှိစဉ်မှ ထု၍ရတတ်၏။
သံအေးမှ ထုချေက လိုရာကိုထု၍မရသည့်အပြင် အကျိုးကိုပျက်စီးတတ်စေ၏
(ဂ) အတတ်ပညာတစ်ခုခု၌ အပင်ပန်းမခံဘဲနှင့် ကျော်ကြားခြင်းအထွတ်သို့ မရောက်နိုင်ပေ။
ကျွန်တော်သိသော မိုနာလီဇာအပြုံး အကြောင်း
ဘာရယ်မဟုတ်ပါဘူး။ မိုနာလီဇာအပြုံးက ဘာလို့
ကမ္ဘာကျော်တာလဲ ဆိုတဲ့အကြောင်းပေါ့။ မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့
လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို ဧပြီလ ၁၅ရက် ၁၄၅၂ ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ၀ါသနာပါခဲ့ပြီး နောက်ပိုင်း ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူးသူ့ကိဲု
သိပံ္ပံလောကရဲ့ ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။
သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့ မိုနာလီဇာကအကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြား တာလဲ မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀၀ မှာ ၉၉ ယောက်က ဖြေကြမှာ မလွဲပါ။
မိုနာလီဇာနဲ့ခေတ်ပြိုင် ပန်းချီကားထဲက မိန်းမများ(ရဖေးလ်နှင့် မိုက်ကယ်အိန်ဂျယ်လို ပန်းချီ) မိုနာလီဇာရဲ့ အပြုံးက ဘာလို့ကျော်ကြားတာလဲ။ လီယိုနာဒိုကပဲ တော်လို့လား။ ပန်းချီကားထဲက အမျိုးသမီးကပဲ ချောလွန်းလို့လား။ သေချာတာကတော့ လီယိုနာဒိုရဲ့ ပန်းချီပညာက တော်လွန်းလို့ ဖြစ်နိုင်ပါတယ်။ ပန်းချီထဲက အမျိုးသမီးက လှလွန်လွန်းလို့တော့ မဖြစ်နိုင်ပါ။ မျက်ခုံးမွေးမပါ။ ခနာကိုယ်ကလည်း
သိပ်ပြီးမလှ။ ခေတ်ပြိုင် မိုက်ကယ်အိန်ဂျယ်လိုနှင့် ရဖေးလ်ပန်းချီကားတွေထဲက မိန်းမတွေနဲ့ယှဉ်လိုက်ရင် တော့ တော်တော် အကျဉ်းတန်တာအမှန်ပင်။
ဒါဆိုမိုနာလီဇာ ဘာလို့နာမည်ကြီးရတာလဲ စမ်းစစ်ကြည့်ရအောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ဆီ ပြန်မသွားသေးပဲ ၂၀ ရာစု အစောပိုင်းကို ပြန်ကြည့်ရအောင်။ မိုနာလီဇာကို ပြင်သစ်နိုင်ငံပဲရစ်မြို့က Lourve Museumမှာ ၁၉၁၁ ထိဘယ်သူမှ ရှိတယ်လို့တောင် မထင်ခဲ့ပါဘူး။

IO bit uninstaller လေးတစ်ခုပါ
ကျွန်တော် uninstaller (၂)တော့ သုံးဖူးတယ် အဲ့ဒီနှစ်ခုထက် ဒီကောင်လေးက ပိုကောင်းတယ်လို့တော့ ထင်ပါတယ် မိတ်ဆွေတို့လည်း စမ်းကြည့်ပေါ့ဗျာ ကျွန်တော်တော့ သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးပဲ ဒီကောင်က အဲ့ဒါကြောင့်ပါ
ဒီနေရာ တွင် မိတ်ဆွေတို့ ဒေါင်းလုတ်ယူသွားကြပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ....................
ဒီနေရာ တွင် မိတ်ဆွေတို့ ဒေါင်းလုတ်ယူသွားကြပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ....................
May 8, 2013
"သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ"
(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ်
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတော
May 7, 2013
Superantispyware Antivirus
ဒီကောင်လေးကတော့ သုံးရတာ ပေါ့ပါးပြီး virus များကိုလည်း စွမ်းစွမ်းတမံပဲ သတ်ပေးနိုင်တယ်
Antivirus ကတော့ သူဟာသူတော့ အစွမ်းထက်ကြပါတယ် သုံးစမ်းကြည့်ကြပေါ့ဗျာ ကိုယ်သဘောကျရင်တော့ ကောင်းတာပေါ့
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးကို ကျေးဇူးတင်ပါတယ်
Antivirus ကတော့ သူဟာသူတော့ အစွမ်းထက်ကြပါတယ် သုံးစမ်းကြည့်ကြပေါ့ဗျာ ကိုယ်သဘောကျရင်တော့ ကောင်းတာပေါ့

အားလုံးကို ကျေးဇူးတင်ပါတယ်
Bluetooth Driver Installer
Buletooth အတွက် Driver လေးပါ ဆော့ဝဲလ်ကတော့ သုံးရတာ အဆင်ပြေကြမယ် ထင်ပါတယ်
ကျွန်တော်လည်း ကိုယ့်စွမ်းရှိသရွေ့ လေ့လာမှတ်သားပြီးမှ ဆော့ဝဲလ်လေးတွေကို တင်ပေးနေပါတယ်
တစ်စုံတစ်ရာ အဆင်ပြေခဲ့ရင်လဲ စီဘောက်စ်တွင် အကြံပြုပေးခဲ့ပါ
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ

Viber for PC
ကျွန်တော်တို့ viber ကို bluestacks ကနေ ရမ်းစရာမလိုပဲ viber software သီးသန့်လေးပါ
သူ တစ်ခုတည်းပဲ သုံးရတော့ စက်ကလဲ သုံးရတာ ပေါ့သွားတာပေါ့ဗျာ လောလောဆယ်တော့ စမ်းသုံးလိုက်အုံးပေါ့ လုပ်နည်းကိုတော့ နောက်မှပဲ တင်ပြပေးပါမယ်ဗျာ
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ
သူ တစ်ခုတည်းပဲ သုံးရတော့ စက်ကလဲ သုံးရတာ ပေါ့သွားတာပေါ့ဗျာ လောလောဆယ်တော့ စမ်းသုံးလိုက်အုံးပေါ့ လုပ်နည်းကိုတော့ နောက်မှပဲ တင်ပြပေးပါမယ်ဗျာ
ဒီနေရာ တွင် ဒေါင်းလုတ်ရယူသွားပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ
May 6, 2013
ဗုဒ္ဓဘာသာဝင်နိုင်ငံခြားသားများ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် တရားရုံးများတွင် လက်ထပ်နိုင်ပြီ
ပြည်ထောင်စုတရာလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ (၉-၅-၂၀၁၂) ရက်နေ့မှာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၀) ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒိညွှန်ကြားချက်အရ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးနဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ လက်ထပ်စာချုပ်ကျမ်းကျိန်လက်မှတ်ရေးထိုးတဲ့ကိစ္စကို မြန်မာနိုင်ငံက တရားရုံးတွေက ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါတယ်။ ..........
ဟိုအရင်ကဆိုရင် နိုင်ငံခြားသားနဲ့ မြန်မာအမျိုးသမီးပေါင်းလက်ထပ်တဲ့ လက်ထပ်စာချုပ်တွေကို တရားရုံးတွေက ပြုလုပ်ပေးပိုင်ခွင့်မရှိခဲ့ပါဘူး။ (၁-၇-၁၉၉၈) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၁၉၉၈) ကို တရားရုံးချုပ်ကထုတ်ပြန်ပြီးတော့ မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးအား နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ရေးတင်ပြလာပါက မည်သည့်တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဆိုပြီး ညွှန်ကြားခဲပါတယ်။ အခုတော့ ညွှန်ကြားချက် (၂/၁၉၉၈) ကိုပယ်ဖျက်လိုက်ပါပြီ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးနဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ တရားရုံးမှာသွားပြီး လက်ထပ်လို့ရသွားပါပြီ။
တရားရုံးများက မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို ထိမ်းမြားလက်ထပ်ရန် ကျမ်းကျိန်လွှာပြုလုပ်ပေးခြင်းမရှိသဖြင့် အမှတ်တကယ်ထိမ်းမြားလက်ထပ်လိုသူ နိုင်ငံခြားသားနှင့်မြန်မာ အမျိုးသမီးတို့အတွက် အခက်အခဲများဖြစ်ပေါ်ရကြောင်း။ မြန်မာအမျိုးသမီးများ ရထိုက်သည့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ရကြောင်း တွေ့ရှိလသည်။ သို့ဖြစ်၍ နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်လိုသူ မြန်မာအမျိုးသမီးတို့ နစ်နာဆုံးရှုံးမှု မဖြစ်စေရန်အတွက်"ဆိုပြီး တရားလွှတ်တော်ချုပ်က ဆိုပါတယ်။
လက်ထပ်မဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ -
(၁) ဗုဒ္ဓဘာသာဝင်တွေဖြစ်ရပါမယ်
(၂) လက်ထပ်တာကို ခရိုင်တရားသူကြီးကသာပြုလုပ်ပေးနိုင်ပါတယ်။ (ဆိုလိုတာ ခရိုင်တရားသူကြီးရှေ့မှာသာ နိုင်ငံခြားသားဗုဒ္ဓဘာသာဝင်အမျိုးသားနဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့ လက်ထပ်လို့ရပါတယ်။)
ဒီနေရာ မှ ကူးယူဖော်ပြထားပါသည်။
မစွက်ဖက်သင့်သောသူများ
ဇေယျာတင့်ညိုရေးတဲ့
ပေါ်ပြူလာကဆောင်းပါးလေးဖြစ်ပါတယ်။ ........ တရားစီရင်ရေးမဏ္ဍိုင်အကြောင်း
နဲ့တရားစီရင်ရေးဆိုတာ ပြင်ပစွက်ဖက်မှုများမျှကင်းရှင်းသင့်ကြောင်း
အများနားလည်လွယ်အောင်ရှင်းပြ ထားတဲ့ ဆောင်းပါးပါ။
လူတိုင်းဖတ်ရှုသင့်တဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
---------------------------------------------------------------------------------------
----------------------------------------------------------------------------------------
ဥပဒေ ကျောင်းသားဘဝက လေ့လာဖတ်ရှု မှတ်သား
နှစ်သက်ခဲ့ဖူးပါသည်။ ကမ္ဘာပေါ်တွင် မည်သူမျှ မစွက်ဖက်သင့်သော လူပုဂ္ဂိုလ် (၃)မျိုးရှိသည်။
(၁) သမိုင်းရေးဆရာ၊ (၂) တရားသူကြီးနှင့် (၃) ဘောလုံးပွဲ ဒိုင်လူကြီးတို့ ဖြစ်ပါသည်။
မှတ်မိသမျှ ၂ဝဝ၆ ခုနှစ်၊ ဂျာမနီ ကမ္ဘာ့ဖလား ဘောလုံးပွဲ တွင်အင်္ဂလန်မှ ဒိုင်လူကြီး”ဂရေဟမ်ပူး” သည် သူကိုင်တွယ်သော ဘောလုံးပွဲတစ်ပွဲ၌ ဘောလုံးသမား တစ်ဦးအား ပထမတစ်ကြိမ် အဝါကတ်ပြ၏။ ဘောလုံးပွဲဆက်ကန် ပါ၏။ ထို့နောက် ထိုဘောလုံးသမားအား ဒုတိယအကြိမ် အဝါထပ်ပြ၏။ ထိုအချိန်တွင် ထိုဘောလုံးသမား နှင့် မှတ်တမ်းဒိုင်အဖွဲ့များ၊ ပွဲကြည့်ပရိသတ်များက နှစ်ဝါတစ်နီပြ၍ ဘောလုံးပွဲအတွင်းမှထုတ်ပစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဒိုင်လူကြီးထံမှ အနီကတ်ထွက် မလာပါ။ ထိုဘောလုံးသမားဆက်ကစားပါ၏။ မည်သူကမျှဝင်ရောက် မပြောဆိုကြပါ။ မကြာမီတွင် ဒိုင်လူကြီးက သိရှိသဘောပေါက်သွား၏။ ထိုဘောလုံးသမားကို တတိယ အဝါကတ်ထုတ်ပြကာ အနီကတ်ဆက်ပြပြီး ပွဲအတွင်းမှ ထုတ်လိုက်ပါ၏။ မည်သူမှားပါသနည်း။ ဒိုင်လူကြီးမှားနေသော်လည်း မည်သူကမျှဝင်ရောက်မစွက် ဖက်ကြပါ။ ဘောလုံးပွဲပြီးသည့်အခါ ယင်းဒိုင်လူကြီးလည်း အိပ်ရာလိပ်ထမ်း၍ အင်္ဂလန်ပြန်သွားခဲ့ရပါသည်။ ဤသည်မှာ အမှန်ဖြစ်ပျက်ခဲ့ပါသည်။

Subscribe to:
Posts (Atom)